25.5.56

ကွန်ပျုတာ ၊ ဖုန်း ၊ ကင်မရာ ၊ မန်မိုရီကတ်ထဲက မှားဖျက်ခဲ့မိတာ ပြန်ရှာနည်း



အကြောင်းအမျိုးမျိုးကြောင့် ပျက်သွား ပျောက်သွားတဲ့ ဆော့ဝဲ၊ ပုံတွေ သီချင်းတွေ

ကို ဒီဆော့ဝဲလေးနဲ့  အမြန်ပြန်ရှာလို့ ရပါတယ် ဖုန်းကနေ မှားဖျက်တာ၊မန်မိုရီကဒ်

ကွန်ပျုတာထဲနဲ့  အခွေတွေ အားလုံး ပြန်ရှာလို့ ရပါတယ် ။
ဖျက်လိုက်တယ်ဆိုပြီး

စိတ်ချထားလို့ မရပါဘူး ရောင်းလိုက်တဲ့ ကွန်ပျုတာတစ်လုံး ဖုန်းတစ်လုံးကနေပြီး

အရင်လူရဲ့ အချက်အလက်တွေကို ဒီနည်းနဲ့  ပြန်ရှာနိုင်ပါတယ် ။ အသင့်သုံးနိုင်တဲ့ 

2013 ထွက် Portabel ဆော့ဝဲကောင်းလေးပါ ၊ မှားဖျက်တာတွေ ပြန်ယူချင်ရင်ဆွဲ

အီးမေးတွေကတော့ လုပ်ကြည့်တာ မရဘူး ကိုယ့်ဟာကို သေချာစမ်းသုံးကြည့်ပါ



Download - http://.zippyshare.com/File Recovery 2013 Portabel

23.5.56

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း

Mec Tel မှ ထုတ်သော 800 Mhz ဖုန်းများအတွက် Internet settings ချိန်နည်း
ဖော်ပြပါပုံအတိုင်း Settings သို့သွားပါ
ထိုမှတစ်ဆင့် Mobile networks ကိုနှိပ်ပါ
ပေါ်လာသော Mobile network settings ထဲမှ Access Point Names ကိုနှိပ်ပါ
APN ထဲတွင် New APN တစ်ခုလုပ်ပါ
Name တွင် mectel ဟုရိုက်ထည့်ပါ။ထို့နောက် OK ကိုနှိပ်ပါ။
APN တွင် #777 ရိုက်ထည့်ပါ
Username တွင် နှစ်သက်ရာထည့်သွင်းနိုင်ပါတယ်
Password တွင်လည်း ကြိုက်နှစ်သက်ရာရိုက်ထည့်နိုင်ပါတယ်
Prompt password တွင် #777 ဟုရိုက်ထည့်ပြီး OK ကိုနှိပ်ပါ
ထို့နောက် Edit access point အား Save ပြုလုပ်ပါ။
Mobile network settings တွင် Data enabled အား အမှန်ခြစ်ပေးပြီး ခတ္တခဏစောင့်ဆိုင်းပါ။ အင်တာနက်အသုံးပြု၍မရသေးရင် Restart ပြုလုပ်ပါ

V Root လို့ခေါ်တဲ့ Onclick Root Tool လေးပါ

မင်္ဂလာပါခင်ဗျာ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ V Root လို့ခေါ်တဲ့ Root Tool လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ

Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့ model ပေါင်း 1000 ကျော်လောက် root နိုင်တယ်ဆိုဘဲ
Android Version 2.1 ကနေ 4.2 အထိအလုပ်လုပ်တယ်….
one click ဆိုတော့သုံးရတာလည်းလွယ်ကူတယ်….
အရင်ဆုံးလိုအပ်တာလေးဒေါင်းလိုက်နော်…….
အထဲမှာ installer နဲ့ portable နှစ်ခုထည့်ထားပေးတယ်….အဆင်ပြေသလိုသုံးပေါ့
ကျွန်တော်ကတော့ MTK 6575 သုံးထားတဲ့ China Vivo Y3t မှာစမ်းပြီးသားပါ…..
အရင်ဆုံးဒေါင်းထားတဲ့ portable ဖိုင်ထဲက Root ဆိုတဲ့ application လေးကို run လိုက်ပါ….
ပြီးရင် root ဆိုတာလေးနှိပ်ပြီးခဏစောင့်လိုက် ဖုန်း reboot လုပ်လိမ့်မယ်
ပြန်တတ်လာရင် root လုပ်တာပြီးပြီပေါ့
အော် USB Debugging ကိုလည်း on ထားအုံးနော်……
Y220t ကိုလည်း support လုပ်တယ်လို့ ပြောထားတယ်
စမ်းကြည့်အုံးနော်
Creadit to Mpxteam

19.5.56

Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း


တောင်းဆိုတာနဲ့ လိုက်ရှာရင်း တွေ့လာလို့ ပြန်ရှယ်ပေးလိုက်ပါတယ် ။ ကျနော့မှာတော့ Android ဖုံးမရှိလို့ စမ်းမကြည့်ရသေးပါဘူး...။
(ကျွန်တော် phone က Sony Ericsson - XPERIA -Model- ST18i ပါ ။ root လုပ်တာနဲ့ font ထဲ့တာ တင်ပေးပါခင်ဗျာ။. )
ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။

အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Android ဖုန်းနဲ့Tablet တွေအတွက် မြန်မာစာရိုက်ဖို့ “မြန်မာကီးဘုတ်” လေးပါ။ ဒီကီးဘုတ်လေးက ဇော်ဂျီဖောင့်အသုံးပြုထားတဲ့ကီးဘုတ်လေးတစ်ခုပါ။
အသုံးပြုပုံပြုနည်း နဲ့ ထူးခြားချက်များကိုအောက်မှာဆက်လက်ရှင်းပြသွားပါမယ်။
အရင်ဆုံး “မြန်မာကီးဘုတ်” ကိုအရင် download ရယူလိုက်ပါ။

မြန်မာကီးဘုတ်အားရယူရန်

ပြီးရင် ဖုန်းထဲမှာ install လုပ်ပြီးပြီဆိုရင် Application တွေထဲက မြန်မာအလံ icon လေးနဲ့ မြန်မာကီးဘုတ်ထဲကို ၀င်လိုက်ပါ။ အဲဒီမှာ မြန်မာကီးဘုတ်ကို Setting မှာ enabled လုပ်ဖို့အတွက် Screen တစ်ခုပေါ်လာပါလိမ့်မယ်။
“1.Go To Settings” ကိုနှိပ်ပြီး Keyboard Setting ထဲကိုဝင်ပါ။ အောက်ပါပုံအတိုင်းပါ။

Keyboard setting ထဲကိုရောက်သွားပြီဆိုရင် “မြန်မာကီးဘုတ်” ကို အမှန်ခြစ်(Enabled)ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။
ပြီးရင် ခုနက မြန်မာကီးဘုတ်ကို ပြန်သွားပါ။ “2.Input Method” ကိုနှိပ်ပါ။ အောက်ပါအတိုင်းပါ။
“မြန်မာကီးဘုတ်” ကိုရွေးပေးလိုက်ပါ။ အောက်ပုံအတိုင်းပါ။
မြန်မာကီးဘုတ်ကိုရွေးလိုက်တာနဲ့ ကီးဘုတ်ကို စမ်းသပ်ရိုက်ကြည့်ဖို့ Testing ကဏ္ဍထဲကိုဝင်သွားပါလိမ့်မယ်။အောက်ပုံအတိုင်းပါ။
ကဲ..ဒါဆိုရင် ကျွန်တော်တို့ မြန်မာကီးဘုတ်ကိုစတင်သုံးစွဲကြည့်ရအောင် ။ စာရိုက်ဖို့အတွက် Text Box ကိုနှိပ်လိုက်တာနဲ့ မြန်မာကီးဘုတ်လေးပေါ်လာပါမယ်။
အောက်ပါပုံအတိုင်းပါ။
အရင်ကထွက်ခဲ့တဲ့ MydroidSoft Myanmar keyboard တုန်းက အင်္ဂလိပ်လိုရိုက်ချင်ရင် Text Box ကို သုံးစက္ကန့်လောက်ပြန်ဖိ input method ထဲကနေ
အင်္ဂလိပ် keyboard ကို ပြန်ပြန်ခေါ်ရပါတယ်။ အခု မြန်မာကီးဘုတ်လေးမှာ အဲဒီဒုက္ခတွေကင်းသွားပါတယ်။ ကီးဘုတ်အောက်နားလေးက ဗြိတိန်အလံပုံ ခလုတ်လေးကို နှိပ်လိုက်ရင် English Keyboard အဖြစ်ပြောင်းသွားပါမယ်။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင် မြန်မာကီးဘုတ်ရဲ့ မြန်မာစာလုံးနေရာချထားပုံနဲ့ ရိုက်ပုံရိုက်နည်းကို ဆက်လက်ရှင်းလင်းပါမယ်။ “မြန်မာကီးဘုတ်” ရဲ့ မြန်မာစာလုံးနေရာချထားပုံဟာ
ကွန်ပျူတာမှာ ရိုက်တဲ့ မြန်မာစာလက်ကွက်နဲ့အတူတူပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ ကွန်ပျူတာပေါ်မှာ “ဖ” ဆိုတဲ့အက္ခရာကိုလိုချင်တယ်ဆိုရင် z ကို ရိုက်ရပါတယ်။ တကယ်လို့ “ဇ” အက္ခရာကိုလိုချင်တယ်ဆိုရင်တော့ Shift key နဲ့ z ( တစ်နည်းအားဖြင့် shift + ဖ ) ကိုနှိပ်ရပါတယ်။
အခု Android “မြန်မာကီးဘုတ်” မှာလည်း ဒီအတိုင်းပါပဲ။ ကွန်ပျူတာမြန်မာလက်ကွက်ပုံစံအတိုင်းဖြစ်တဲ့အတွက်ကြောင့် “ဇ” ဆိုတဲ့ အက္ခရာကိုလိုချင်တယ်ဆိုရင် မြန်မာကီးဘုတ်ပေါ်က “ဖ” အက္ခရာလေးပေါ်မှာ သုံးစက္ကန့်လောက်ဖိထားလိုက်ရင် Popup လေးတစ်ခုနဲ့ “ဇ” အက္ခရာလေးပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်းပါ။
အောက်ဆင့်စာလုံးတွေဖြစ်တဲ့ -္ဇ တို့ -္ဖ တို့လိုချင်ရင်လည်း ခုနကလိုပဲနှိပ်ရမှာပါ။ ပြောရမယ်ဆိုရင်တော့ ကွန်ပျူတာပေါ်က မြန်မာလက်ကွက်နဲ့အတူတူပါပဲ။
ဒီ မြန်မာကီးဘုတ်ကို ကျွန်တော်ကြိုက်ရတဲ့အဓိကအချက်က စာရိုက်ရာမှာ အရင်ထွက်ရှိပြီးသား Android မြန်မာကီးဘုတ်တွေထက် သိသိသာသာကို မြန်မြန်ဆန်ဆန်ရိုက်နိုင်တဲ့အချက်ပါပဲ။ ပြီးတော့ Application file size ကလည်း သေးငယ်ပါတယ်။ စာရိုက်ဖို့ Testing Panel လည်း
တစ်ပါတည်းထည့်သွင်းပေးထားတဲ့ အချက်ကလည်း တော်တော်အဆင်ပြေစေပါတယ်။
ဝဏ္ဏသံမှန်းအသုံးအနှုန်းကိုခန့်မှန်းပေးတဲ့စနစ်အနေနဲ့ကတော့ iTextMM Keyboard ရဲ့ စကားစုတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက် ၀ဏ္ဏသံမှန်းစနစ်မှာတော့ iTextMM နဲ့အတူတူပဲဖြစ်ပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်ကတော့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ၊ BF,GF တွေဆီ message
ပို့ရာမှာ Smile သင်္ကေတလေးတွေထည့်ဖို့လို့ရဖို့အတွက် လည်းထည့်သွင်းပေးထားပါသေးတယ်။ Smile သင်္ကေတတွေကိုလိုချင်တယ်ဆိုရင်တော့ ကီးဘုတ်အောက်ခြေက “:-)” သင်္ကေတလေးကို သုံးစက္ကန့်ခန့်ဖိထားလိုက်ရင် သင်္ကေတအစုံပေါ်လာမှာပါ။ အောက်ပါပုံအတိုင်းပါ။
Beta version ဖြစ်တဲ့အတွက် လိုအပ်တာလေးအနည်းငယ်တော့ရှိဦးမှာပါ။

Nokia ပေါ်က စာလုံးများ



လက်ရေးစတိုင် ဖောင့်တွေ၊ မိမိနှစ်သက်တဲ့ ဖောင့်လှလှလေးတွေ ပြောင်းဖို့အတွက် ဒီနည်းက အဆင်ပြေလိမ့်မယ်။ နောက်ပြီး ဘာ tool မှ သုံးစရာ မလိုသလို၊ ပြန်ဖြုတ်မယ်ဆိုရင်လည်း အလွယ်တကူပဲ။ Hack ပြီးထည့်ရတာ မဟုတ်လို့ အန္တရာယ် ကင်းပါတယ်။
ဇော်ဂျီ version မျိုးစုံနဲ့ စမ်းပြီးပြီဗျ။ေ- တို့၊ -ျ တို့၊ -ာ တို့မှာ ထပ်ကုန်တာ။ မြန်မာ ၃ unicode ဆို ပိုဆိုးတယ်။ ကီးဘုတ်ဆို ပိုဝေးတာပေါ့ဗျာ။
အရင်ဆုံး စမ်းထားတဲ့ ဖောင့်သုံးမျိုးရှိတယ်။ Pristina, Harlow, နဲ့ ဇော်ဂျီ ပေါ့ဗျာ။




zawgyi ဖောင့် ပဲတင်ပေးလိုက်ပါတယ်။ ဒီ မှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

ပထမဆုံး သိထားဖို့ လိုတာက သုံးမယ့် ဖောင့်က Open font type ဖြစ်ရမယ်။ သိသာအောင် ပြောရရင် ‘O’ ပုံ icon နဲ့ ပြနေလိမ့်မယ်။ (တကယ်လို့ true type font ကို သုံးမယ်ဆိုရင်တော့ ဖောင့်ပေါ်နိုင်ဖို့ သိပ်မသေချာဘူး။ အချို့ဖောင့်တွေအတွက် error တက်နိုင်တယ်)။ install မလုပ်ရသေးတဲ့ ဖောင့်ကိုပဲဖြစ်ဖြစ်၊ control panel ရဲ့ font ဆိုတဲ့ folder ထဲက ဖောင့်ကိုပဲဖြစ်ဖြစ် ယူသုံးနိုင်ပါတယ်။ လိုအပ်တာတစ်ခုကတော့ phone က SD Card ရှိဖို့ လိုပါတယ်။

Creating your Font folder
1. ပထမဆုံး Fonts ဆိုတဲ့ နာမည်နဲ့ folder တစ်ခု ဖန်တီးလိုက်ပါ။ (s က အစ မကျန်ပါစေနဲ့)
2. မိမိပြောင်းချင်တဲ့ ဖောင့်ကို ဒီဖိုဒါမှာ လာထည့်ပြီး 4 ခု copy လုပ်ပါ။ (ဖောင့်တစ်ခုထဲကိုပဲ ၄ ခု လုပ်ရမှာပါ)
3. copy လုပ်ထားတဲ့ ဖောင့်လေးခုကို s60snr.ttf, s60ssb.ttf, s60tsb.ttf and S60ZDIGI.ttf ဆိုပြီး rename ပေးပါ။
Transferring New font to Nokia phone
1. phone ကို ကွန်ပျူတာမှာ “Mass Storage” mode နဲ့ ဖြစ်အောင် join ပါ။ (sd memory card ကို ဖွင့်ကြည့်ပြီး ဖောင့်ထည့်ဖို့အတွက် ဖြစ်ပါတယ်)
2. My Computer မှာ ပေါ်လာမယ့် Removable Disk (သို့) Memory Card ဆိုပြီး ပေါ်လာမယ့် sd card ကို ဖွင့်ပါ။
3. SD card ထဲမှာ Resource ဆိုတဲ့ folder ကိုဖွင့်ပါ။ (မရှိခဲ့ရင် new လုပ်ပြီး Resource လို့ နာမည်ပေးပါ)
4. ခုနက ဖန်တီးထားတဲ့ Fonts ဆိုတဲ့ Folder ကို Resource ထဲကို ထည့်လိုက်ပါ။
5. phone ကို PC နဲ့ join ထားရာကနေ ဖြုတ်လိုက်ပါ။
6. phone ကို restart ချလိုက်ပါ။ (ပိတ်ပြီး ပြန်ဖွင့်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်)
ဒါဆိုရင်တော့ မိမိ ထည့်သွင်းလိုက်တဲ့ဖောင့် ဖုန်းပြန်ပွင့်တာနဲ့ ပေါ်လာပြီ ဖြစ်ပါတယ်။

To Reset Original Font
အရင်ဖောင့်အတိုင်း ပြန်ဖြစ်ဖို့ကတော့ လွယ်ပါတယ်။ လုပ်ခဲ့တဲ့အတိုင်း ကွန်ပျူတာမှာတပ်ပြီး fonts ဆိုတဲ့ folder ကို ဖျတ်ပေးလိုက်ရုံပါပဲ။

တစုံတရာ error မရှိနိုင်ကြောင်း ဖတ်ကြည့်လိုက်တာနဲ့ သိမှာပါ။လက်လှမ်းမှီရာ Nokia 5800, 5350, 5130 နဲ့ N97 တွေမှာတော့ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေပါတယ်။

nokia မှာမြန်မာဖောင့် သွင်းနည်း (၂)

http://code.google.com/p/fontrouter/
http://www.mediafire.com/file/djvzmlzgn2m/FontRouterManV1.06RC_S60_3RD_FP2.sisx
အဲဒီနှစ်ခုကို ဒေါင်းပြီး ဖုံးထဲက internal memory မှာ install လုပ်လိုက်ပါ
filemanager ကိုသုံးပြီး C:/data/Fonts ထဲကို ဇော်ဂျီဖောင့်(.ttf ဖြစ်ရပါမယ် .TTF မဖြစ်ရပါဘူး)ထည့်လိုက်ပါ..
ပြီးရင် ခုနက install လုပ်ထားတဲ့ FontRouterMan ကိုဖွင့်ပါ
option ကနေပြီး c အောက် ကိုယ်ထည့်ထားတဲ့ ဖောင့်ဖိုင်ကိုရွေး ပြီးရင် ထွက်လိုက်ပါ..

ဖုံးကို reboot ပြန်လုပ်လိုက်ပါ

မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့...သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..

Nokia & sony Syambian ဖုန်း အတွက် မြန်မာဖောင့်

Syambian ဖုန်း အတွက် မြန်မာဖောင့် ကို ကျန်တဲ့ နေ ရာ တွေ မှာတော့ မ မြင် ရသေးပေမဲ့ website ကြည့် ရင် မြင် နိုင် မဲ့ နည်း လမ်းလေး ပါ ဗျာ ။ အဆင်ပြေပါတယ် E72 မှာ စမ်းပြီးသွား ပါပြီ။
အောက်က ဖုန်းတွေ မှာ လဲ ရနိုင်ပါတယ် ...

Myanmar Font for Opera mobile in s60v5, Symbian^3, Symbian Anna, Nokia Belle Phones (Nokia N8, C7, C6-01, E7, 5800, 5230, 5530, 5535, N97, X6, C6, Samsung i8910, Sony Ericsson Idou, Vivaz Etc.)

In symbian phones, opera browser is the only browser that will dispaly myanmar fonts correctly.


>>အဆင့် -1: ဒါလေးဒေါင်းလိုက်ပါ : http://bit.ly/KJXwl4

အဲ့ zip ဖိုင်ထဲ မှာ အောက်ကဟာတွေပါတယ်:

1) Opera Mobile 12
2) X-plore
3) Nokia Pure font with zawgyi
4) user.css
5) instructions!!.txt

>>အဆင့် -2

Un-rar ဖိုင်ဖြည်လိုက်ပါ . opera mobile နဲ့ x-ploreကို ဖုန်း ထဲ မှာ သွင်းလိုက်ပါ ။မှတ်ချက်။ ။ ဖုန်း ထဲ မှာ သာသွင်းပါ ။

>>အဆင့် -3

X-plore ကိုဖွင့် ပါ "NOKIA_PUREwithzawgyi.ttf" ကို ကူးပြီး "E:/system/Apps/OperaMobile/fonts" အောက် ထဲ ကူးထည့် လိုက် ပါ ။









>>အဆင့် -4
"user.css" ဖိုင်လေး ကို "E:/system/Apps/OperaMobile/styles" ထဲ ကိုကူးထည့် ပါ








အဲ့ဒါတွေ ပြီးရင် x-plore ပိတ်ပါ ။. ကဲ Symbian Phone ဖုန်းမှာ web ဆိုဒ် တွေ ကို မြန်မာ လို ကြည့်  နိုင်ပြီ ဖြစ် ပါတယ် ။
အဆင်ပြေပါစေ ....
























18.5.56

Huawei ဖုန်း Android Version 4.1.1 တွေမှာ root လုပ်စရာမလိုဘဲ Myanmar Font ကို အသုံးပြုလို့ရနေပါပြီ

Huawei ဖုန်း Android Version 4.1.1 တွေမှာ root လုပ်စရာမလိုဘဲ Myanmar Font ကို အသုံးပြုလို့ရနေပါပြီ......Theme တစ်ခုတော့ Download ဆွဲရပါတယ်..



ပြီးတော့ SD Card ထဲက HWThemes ဆိုတဲ့ Folder ထဲကို ထည့်ပေးလိုက်ပါ။
ထည့်ပြီးတာနဲ့ မိမိ ဖုန်းရဲ့ Theme ထဲမှာ Elegance ဆိုတဲ့ Theme တစ်ခုရောက်နေပါမယ်....
အဲ့ဒီ့ Theme ကို Apply လုပ်လိုက်ပါ။
Theme With Font ဆိုတာလေးရွေးပေးလိုက်ပါ...ဒါဆိုရင်မြန်မာ Font ကိုသုံးလို့ရပါပြီ...အောက်မှာ Theme ကို Download လုပ်လို့ရပါတယ်...


Credit to: http://it-ghost.blogspot.com/2013/03/huawei-android-411-theme-with-myanmar.html



Click Here to Download

Samsung Brand အားလုံးမှာ Root မလိုပဲနဲ့ Font Style လေးတွေပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်

zgy


Myanmar Mobile Developer ကိုမျိုးမင်းလတ် ရဲ့ဖန်တီးမှု့လေးပါ။

Samsung Brand အားလုံးမှာ Root မလိုပဲနဲ့ Font Style လေးတွေပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Myanmar+Helvetica, Myanmar +Iphone, Myanmar +SoMA and Myanmar +Ubuntuစတဲ့font
style လေးမျိုးကိုပြောင်းလဲအသုံးပြုနိုင်ပါတယ် ခင်ဗျ။

Base On Zawgyi-one Font ဖြစ်လို့ Zawgyi-one Font အသုံးပြုနေတဲ့သူတွေအတွက်တော်တော်လေး
ကိုအဆင်ပြေမှာပါ။


unnamedzg


မှတ်ချတ်။။ ANDROID VERSION – 4.0 +Up

Memory Stick မှာ Virus ကိုက်လို့ ပျောက်နေတဲ့ File တွေကို ဘယ်လို ပြန်ဖော်မလဲ



မိမွန်: Memory Stick မှာ Virus ထိပီး ဖိုင်တွေ တစစီ ပျက်စီးသွားလို့ ကူညီကြပါ ..
ကဲ..သူငယ်ချင်းတို့………….
ဒီတစ်ခါ ကျွန်တော် တင်ပေးလိုက်တာက…တစ်ခါတစ်လေ memory stick တွေမှာ virus ကိုက်လို့ folder တွေ လုံးဝပျောက်နေတာကို ပြန်ဖော်တဲ့ နည်းလေးပါ။။။။ သိပြီးသားလူတွေလည်း ရှိမှာပါ..ဒါပေမယ့် မသိသေးတဲ့ ဘော်ဘော်တွေ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ်…
….အားလုံး အဆင်ပြေပါစေဗျာ…..:)
ပထမဆုံးအနေနဲ့memory stick ကို ကွန်ပျူတာနဲ့ ဆက်လိုက်ပါ… ဒီနေရာမှာ တစ်ခု သတိထားရမှာက အဲဒီstick ကို ဖွင့်တဲ့ အခါ My Computer ကို double click နဲ့ မဖွင့်ဘဲ right click –Open နဲ့ပဲ ဖွင့်ပါ။ ဘာလို့လဲ ဆိုတော့ ပိုပြီး လုံခြုံ အောင်အတွက်ပါ။ အောက်မှာ ပြထားပါတယ်…
ပြီးရင် အဲဒီမှာOrganize ဆိုတဲ့ ထဲကို ၀င်လိုက်ပါ..အောက်မှာပြထားပါတယ်….
ပြီးရင် အဲဒီထဲကပဲFolder and search options ကို တစ်ချက်နှိပ်လိုက်ပါ….
အဲဒါကို တစ်ချက်နှိပ်လိုက်တာနဲ့Folder Options ဆိုတဲ့ box လေးတစ်ခု ကျလာလိမ့်မယ်….အောက်မှာ ပြထားပါတယ်….အဲဒီထဲကview ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ…..
ပြီးရင်show hidden files,…..ဆိုဒါကို တစ်ချက်နှိပ်လိုက်ပါ …ဒီပုံမှာကတော့ ကျွန်တော်လုပ်ထားပြီးသားမို့လို့ အဲဒီ အတိုင်းမြင်နေရပါလိမ့်မယ်……
ပြီးရင် အောက်ကHide extensions for ….. ဆိုတဲ့စာကြောင်းလေးနဲ့ Hide protect Opera….. ဆိုတာလေးကtick လေးကို ဖြုတ်ပေးလိုက်ပါ………….
အဲဒါဆိုရင် ဒီbox လေးကျလာပါလိမ့်မယ်။ Yes လုပ်ပြီး OK လုပ်လိုက်ပါ။။။။
ကဲ ပထမ တစ်ဆင့်တော့ ပြီးသွားပြီ………….
ဇာတ်လမ်းက ခုမှ စမှာ……ကဲ
ပြီးတာနဲ့Run box ကို ဖွင့်လိုက်ပါ။( Window key + R ကိုတွဲနှိပ်လိုက်ပါ။) ပြီးရင် အဲဒီမှာcmd ဆိုပြီး ရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ cmd box လေး ကျလာပါလိမ့်မယ်။ အောက်မှာ ပြထားပါတယ်….
ပြီးရင် အဲဒီမှာ ကိုယ့် memory stick ကို ရိုက်ထည့်လိုက်ပါ။ (ဥပမာ---F: , G: , D: , …. ) ကျွန်တော်က တော့ ကျွန်တော့ stick က G: မို့လို့ G: လို့ ရိုက်ထည့်ထားပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။ အောက်ပါ အတိုင်း location က မိမိ stick ရဲ့ နေရာကိုညွှန်ပြနေပါလိမ့်မယ်….
အဲဒီခါကျရင်…..attrib (folder နာမည်)–s –h ဆို ပြီးရိုက်ထည့် ပြီးရင် Enter ခေါက်လိုက်ပါ။ အကယ် ဒီနေရာမှာ မိမိ folder ရဲ့ name မှာspace ခြားတာတို့ ပါနေ ရင် attrib “romantic hacker” –s –h ဆိုပြီးရေးရပါမယ်။ အောက်မှာ ပြထားပါတယ်….
အဲဒါဆိုရင် အဲဒီ memory stick ထဲကပျောက်နေတဲ့ folder ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်….
အားလုံး အဆင်ပြေပါစေ….
Credit to : http://romantichacker.blogspot.com/2012/09/memory-stick-virus-file.html


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


အဆင်မပြေသေးရင် အောက်မှာ ဆက်လက်လေ့လာနိုင်ပါတယ်...။

Whenever you plug a USB drive in your system, a window will appear similar to the one shown below
USB....

Don’t click on Ok , just choose ‘Cancel’.

Open the Command Prompt by typing ‘cmd‘ in the run box.
In the command prompt type the

drive letter:( ex - i,j,k..) and press enter .
Now type dir /w/a and press enter.

This will display a list of the files in the pen drive. Check whether the following files are there or not

* Autorun.inf
* Ravmon.exe
* New Folder.exe
* svchost.exe
* Heap41a
* or any other exe file which may be suspicious.

If any of the above files are there, then probably the USB drive is infected.
In command prompt type attrib -r -a -s -h *.* and press enter.

This will remove the Read Only, Archive, System and hidden file attribute from all the files.
Now just delete the files using the command
del filename. example del Ravmon.exe.
Delete all the files that are suspicious.

To be on a safer side, just scan the USB drive with an
anti virus program to check whether it is free of virus or not...

Credit to: http://trick2everyone.blogspot.com